ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ ကဟန်း ကျေးရွာ၌ (၁၂-၇-၂၀၂၂) ရက်နေ့တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၉)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၁၈,၉၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၈,၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)ပုံး၊ အမက ကျောင်းသား (၁) ဦးနှင့် ကျောင်းသူ (၁) ဦးအတွက် ကျောင်းဝတ်စုံ ကျား/မ(၂)စုံတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်နှင့်အတူ (၁၃-၇-၂၀၂၂)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR