ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်‌တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည်(၁၇-၈-၂၀၂၂) ရက်နေ့တွင် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပုတ္တလုတ်ကျေးရွာတွင် အိမ်ထောင်စု(၄၀)၊ လူဦးရေ(၁၅၀)၊ မရမ်းဘေးကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာနှင့် အဝကောက်ကျေးရွာတို့တွင် အိမ်ထောင်စု(၆၀)၊ လူဦးရေ (၂၃၀)၊ ဝင်းကြီးကျေးရွာအိမ်ထောင်စု (၄)စု၊ လူဦးရေ (၁၅)ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၀၄)စု၊ လူဦးရေ (၃၉၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာစုစုပေါင်း‌ထောက်ပံ့‌ငွေ(၈၂၉၅၀ဝိ/-)ကျပ်အား (၁၈-၈-၂၀၂၂)ရက်နေ့တွင် တံတားမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

 Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR