ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၆-၈-၂၀၂၂) ရက်နေ့(၂၃:၀၀)နာရီ အချိန်ခန့်၌ ပေါင်မြို့နယ်၊ အဟောက်ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု နှင့် ကော့ကရင်ကျေးရွာအုပ်စုတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးနှင့်အမိုးလန်ပျက်စီးခဲ့သည့်လူနေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀)ကျပ်နှင့်လူဦးရေ(၂၉)ဦးတို့အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးငွေ(၆၀,၉၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၃၀,၉၀၀) ကျပ်အား လည်းကောင်း၊ ပြိုကျပျက်စီး အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ တန်ဖိုးငွေစုစုပေါင်း (၄၉,၀၃၆)ကျပ်အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ဒရိန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းပြီးရေများဝင်ရောက်ခဲ့မှုကြောင့် လယ်တဲများရှိ အိမ်ထောင်စု(၃၄)စုတို့မှ လူဦးရေ (၁၅၅)ဦးတို့ ဘေးသင့်ခဲ့ရာ သာယာချမ်းမြေ့ဘုန်း        ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင်ပြောင်းရွှေနေထိုင်လျက်ရှိပြီး အဆိုပါလူဦးရေ (၁၅၅)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၂၅,၅၀၀)ကျပ်အားလည်းကောင်း  (၁၈-၈-၂၀၂၂) ရက်နေ့ (၁၅:၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဘေးသင့်ပြည်သူများထံ သွားရောက်ထုတ်ပေးထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR