ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာအုပ်စု၊ ကြာဂရက်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စုတို့တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
၂၂ ဖေဖော်ဝါရီ ၂၀၂၃
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊
ထန်းတပင်ကျေးရွာအုပ်စု၊ ကြာဂရက်ကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာအုပ်စုတို့တွင် (၁၇-၂-၂၀၂၃)ရက်နေ့နှင့် (၁၈-၂-၂၀၂၃)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော
လေဘေးကြောင့် ပြိုကျ/ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၆၀၀,၀၀ဝိ/-)၊ အမိုးလန်ပျက်စီးနေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၆၀,၀၀ဝိ/-)၊ စုစု ပေါင်းအိမ်ထောင်စု(၂၈)စုမှ စုစုပေါင်းလူဦးရေ(၁၃၀)ဦးအတွက်
ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ(၂၇၃,၀၀ဝိ/-)၊စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ်(၁,၅၃၃,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၆)အိမ်ထောင်စာ(၂၇၆,၂၁၆/-)အား ကျောင်းကုန်းမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အေးချမ်းသာယာခန်းမတွင် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM