ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော် မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် အောင်ရတနာလမ်းတောင့်၊ မွန်းရှီဝင်းအတွင်း၌ (၂-၃-၂၀၂၃)ရက် နေ့ (၀၄:၅၀)အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၇၅ပေx၅၀ပေ) (၆)ခန်းတွဲ၊ (၁)ထပ် တိုက်၊ ထပ်ခိုးပါ (၃)လုံးနှင့် ပျဉ်ထောင်၊ အုတ်ညှပ်၊ သွပ်မိုး(၈၂ ပေ x ၅၀ ပေ) (၇)ခန်းတွဲ (၁)ထပ်တိုက်၊ ထပ်ခိုးပါ (၁)လုံး၊ စုစုပေါင်း(၂၅)ခန်း၊ အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၇၀)ဦးတို့ မီးဘေးသင့်ခဲ့ရာ မီးဘေးသင့် ပြည်သူများမှ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၂၅)ဦးတို့အား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၅၂၅၀ဝိ/-)၊ ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုး အိမ်ထောင်(၄)စုစာ၊ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လူတစ်ဦးလျှင် Mask (၂)ခုနှုန်းဖြင့် Mask (၅၀)ခုနှင့် IEC အလှူပစ္စည်းများမှ အိမ်ထောင်စု(၁)စုလျှင် ကာဘော်လစ်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ကာဘော်လစ်ဆပ်ပြာ(၄)တောင့်တို့အား (၂-၃-၂၀၂၃)ရက်နေ့ (၁၃:၃၀)အချိန်နာရီတွင် လမ်းမတော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ကနဦးသွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။

 Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR