ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ မင်္ဂလာသုခဆန်စက်လမ်းတွင်(၁၈-၈-၂၀၂၂)ရက်နေ့( ၂၁:၁၅)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်ဆီးအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဖို့ အိမ်ထောင်စု (၁)စု အတွက် ဆပ်ပြာ (၁)တောင့်၊ လူဦးရေ(၂)ဦးအတွက် mask (၄)ခုတို့အား (၂၅-၈-၂၀၂၂) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ ကန့်လန့်စုကျေးရွာနှင့် ကျွဲပျိုကျေးရွာများ၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR