လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၁)ရက်နေ့၊ (၁၄:၂၄)နာရီ အချိန်တွင် ဖြစ်ပွားသော ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာလမ်း အတွင်း မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်၊ လူဦးရေ (၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၃၅၇၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၅၇၀ဝ/-)ကျပ်အား (၆.၁၂.၂၀၂၁)ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးခဲ့ပါသည်။
Source: DDM