ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊  ငါးသိုင်းချောင်းမြို့၊ ကမ်းနီကျေးရွာအုပ်စု၊ ကြက်ပေါင်ကျေးရွာတွင် (၂၃-၇-၂၀၂၄) ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)၊  ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ  အိမ်ထောင်စု (၂) စုစာ (၂၆၂,၆၅၆/-) နှင့် စုစုပေါင်းကယ်ဆယ်ရေး ထောက်ပံ့ငွေ (၄၇၅၂၅၆/-) အား(၂၅-၇-၂၀၂၄)ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR