လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည်(၂၃-၇-၂၀၂၁)ရက်နေ့ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊
ရှမ်းရွာကြီးကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၁၁)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၁၀၀၀၀ဝိ/-)၊အမိုးလန်နေအိမ် (၃၄)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၃၆၀၀၀ဝိ/-)၊ လူဦးရေ(၁၈၃)ဦးအတွက်
ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၄၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ
(၃၈၄၄၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅)
အိမ်ထောင်စာနှင့် (၁၆) မျိုး (၆)အိမ်ထောင်စာ
စက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့ (၁၁:၄၅)နာရီအချိန်တွင်
ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီး ဖြစ်ပါသည်။