ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်း မြခရိုင်၊ အိမ်မဲမြို့နယ်၊ ပျဥ်းမကုန်းကျေးရွာအုပ်စု၊ ပျဥ်းမကုန်းကျေးရွာ၌(၂၈-၅-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့်  လေပြင်းဘေးကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး /ပြိုကျပျက်စီး)ခဲ့သော လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၂၀,၀၀ဝိ/-)၊  အိမ်ထောင်စု(၇)စုမှ ဘေးသင့်ပြည်သူ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၆၀,၀၀၀ိ/-) စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၆၈၀,၀၀၀ိ/-)၊ တန်ဖိုး(၁၀၇၆၇၈/-)ရှိကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (စက္ကူပုံး)ပါ(၄)ပုံးတို့အား (၃၀-၅-၂၀၂၅)ရက် နေ့ (၁၃း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR