လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍
ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဖြစ်သော ကန်သာယာရပ်ကွက်၊
ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်၊
ကဒီပု ကျေးရွာအုပ်စု၊ ကျားကွင်းကျေးရွာအုပ်စု၊ ညောင်ပုလင်
ကျေးရွာအုပ်စုနှင့် ရွှေလှေကျေးရွာအုပ်စု တို့မှ
ကယ်ဆယ်ရေးစခန်း (၁၂) ခုရှိ ရေဘေးရှောင်အိမ်ထောင်စု(၁၇၈)စု လူဦးရေ( ၇၉၆) ဦးတို့အတွက်
ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၆၇၁,၆၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၁) ရက်နေ့ တွင်
(၁၄:၀၀) နာရီအချိန်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM