လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၁-၂၀၂၅)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် သင်ပေါင်းချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်၍ အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-)နှင့် လူဦးရေ(၃၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၁,၉၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁,၉၀၀ိ/-)အား (၁၃-၁-၂၀၂၅) ရက်နေ့၊ (၁၁:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM