ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၂၄)‌နေ့မှစ၍ ကလောမြို့နယ် အတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေ ထောက်ပံ့သည့် လုပ်ငန်းဆောင်ရွက်လျက်ရှိရာ (၁၄-၅-၂၀၂၄) ရက်နေ့တွင် ရေဂါလံပေါင်း (၄,၃၀၀) ကျော် ထောက်ပံ့ပြီးစီးပြီဖြစ်၍ ကလောမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စု (၂၅) ခု သို့ မေလအတွင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက် ဂါလံ (၁၅၀,၀၀၀) ကျော်ကို  ပြည့်မီအောင်ထောက်ပံ့နိုင်ရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR