လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂-၈-၂၀၂၂)ရက်နေ့၊ (၃-၈-၂၀၂၂)ရက်နေ့နှင့် (၅-၈-၂၀၂၂)ရက်နေ့တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊လှိုင်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝအသိပညာများဆွေးနွေး ပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါသည်။
Source: DDM