ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


၂၇ ဇန်နဝါရီ ၂၀၂၁

၁။     မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ စမ်းရိုး(တဲတိုက်)တွင် သောက်သုံးရေခက်ခဲသော အိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၆၀၁) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇- ၁-၂၀၂၁) ရက်နေ့ (၁၁: ၃၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့၍ လည်းကောင်း၊

 ၂၊။   (၂၇-၁-၂၀၂၁) ရက်နေ့ (၁၀:၂၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကနီမြို့နယ်အတွင်း ဆေးကုသမှုခံယူနေသော Covid - 19 positive လူနာများနှင့် Quarantine ဝင်ရောက် နေသူများ အသုံးပြုနိုင်ရန်အတွက် ကနီမြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီးထံသို့ Hygiene Kit-E ဖာ (၁၅) ဖာအား ထောက်ပံ့ပေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၃။     ရေစကြိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဖျသီးရပ်၌ (၂၇-၁-၂၀၂၁) ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့် လုံးဝပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ(၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု(၂)စုစာတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက (၂၇-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

၄။     (၂၆-၁-၂၀၂၀) ရက်နေ့နှင့် (၂၇-၁-၂၀၂၁) ရက်နေ့တို့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သီလရှင်စာသင်တိုက်များနှင့် Quarantine Center များသို့ သွားရောက်၍ Unicef Myanmar မှ လှူဒါန်းထားသည့် Hygiene Kit (E) 2020 ဖာ (၂၄၇) ဖာအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

Source: EOC

 

နောက်ဆုံးရသတင်းများ

ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR