ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


(၂၅-၁-၂၀၂၁)ရက်နေ့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့ရှိ သုခိသာရုံသီလရှင်ကျောင်း၊ စိန်ဂျိုးဇက်သီလရှင်ကျောင်း၊ စိန်ထရေးဇားသီလရှင်ကျောင်း၊ ဇိအုန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ အမေ့အိမ်မိဘမဲ့ကလေးများဂေဟာများ၌ နေရာ(၁)ခုလျှင် (၁)ဖာလျှင် ပစ္စည်း(၅)မျိုး(ပလတ်စတစ်ရေခွက်၊ ဆပ်ပြာမှုန့်၊ ကာဘော်လိပ်ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံး၊ အမျိုးသမီးအတွင်းခံဘောင်ဘီ) ပါ၀င်သော Hygiene kits (၁‌၀) ဖာစီနှင့် (၁)ဖာလျှင် (၃၆)ဘူးပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ စိန်ဂျိုးဇက်ဘုရားကျောင်း၊ ဇိအုန် ဘုရားကျောင်း၊ အဂ္ဂဗေဘုရားကျောင်း၊ မိဿဟာရဘုရားကျောင်းတို့တွင် (၁)ဖာလျှင် (၃၆)ဘူးစီပါ၀င်သော Hand sanitizer (၂)ဖာစီကိုလည်းကောင်း၊ ဟားခါး - ဂန့်ဂေါလမ်း၊ ဟားခါး - မတူပီလမ်းရှိ COVID-19 စစ်ဆေးရေးဂိတ်တ်တို့တွင် (၁)ဖာလျှင် (၃၆)ဘူးစီပါ၀င်သော Hand sanitizer (၂)ဖာစီတို့ကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ခြင်း၊

(၂၅-၁-၂၀၂၁) ရက်နေ့တွင် ပညာရေးဒီဂရီကောလိပ်၌ဖွင့်လှစ်ထားရှိသော Quarantine center သို့လည်းကောင်း၊ ခေမာသီရိသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ သီရိစန္ဓာရုံသီလရှင်စာသင်ကျောင်းတိုက်သို့လည်းကောင်း၊ မြင်းကင်းကျေးရွာသို့လည်းကောင်း၊ ပစ္စည်း(၅)မျိုးပါ Hygiene Kit-E (၁၀၀)ပုံးအား သွားရောက်လှူဒါန်းခဲ့ခြင်း၊

 (၂၆-၁-၂၀၂၁) ရက်နေ့တွင် မင်းဘူးမြို့၊ မှန်ကင်းပရိယတ္တိစာသင်တိုက်သို့ Hand Sanitizer (လက်သန့်ဆေး) များအား သွားရောက်လှူဒါန်းခဲ့ခြင်း၊

(၂၆-၁-၂၀၂၁) ရက်နေ့တွင် မင်းကင်းမြို့အမှတ် (၃) ရပ်ကွက် အ​ခြေခံပညာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အသုံးပြုရန်အတွက် Hygiene Kits (၁၅) ဖာကို သွားရောက်ထောက်ပံ့ခဲ့ခြင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရန်အတွက် ဆွေးနွေးညှိနှိုင်းသည့် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

MOD

DSW

DDM

DOR