လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၀-၂၀၂၁) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကသာမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသို့ COVID-19 ရောဂါကာကွယ်ရေး လိုက်နာရမည့်စည်းကမ်းများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း Masks များ ဝေငှပေးခြင်းနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးစာစောင်များ (မိုးကြိုး/လျှပ်စီးဘေး)ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM