ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေ ကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာတွင် (၈.၉.၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့်  ပြောင်းရွှေ့ရသော အိမ်​ခြေ (၅)လုံးရှိ ရေဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၆၈၀၀/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးခန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၉.၉.၂၀၂၁) ရက် နေ့၊(၁၂:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ လေးအိမ်တန်းကျေးရွာအုပ်စု၊ လေးအိမ်တန်း ကျေးရွာနှင့် မြင်းကချောင်းကျေးရွာ၌ လေပြင်းဘေးထောက်ပံ့ပြီးစီးမှု သတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်ဆိပ်ကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ပင်တောကျေးရွာ၌ လေပြင်းဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR