ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ( မရင်းကူး၊အင်းလျာ)ကျေးရွာအုပ်စုနှင့် (င၀န်) ရပ်ကွက် တို့တွင်(၅.၈.၂၀၂၄)ရက်နေ့တွင် ငဝန်မြစ်ရေတက်မှုကြောင့်(  ကြံလဟာဘုန်းတော်ကြီးကျောင်း၊ လှေတော်ရုံဘုရားတန်ဆောင်း၊ မင်္ဂလာအုတ်ဘုန်းတော်ကြီးကျောင်း၊ ရွှေဘိုဘုန်းတော်ကြီးကျောင်း)သို့ ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၅၂)စုမှ လူဦးရေ(၁၉၇)ဦး တို့အတွက်ဆန်ရိက္ခာဖိုးရန်ပုံငွေကျပ် (၄၁၃၇၀၀/-)နှင့် ကာဘော်လစ်ဆပ်ပြာ (၅၂)တောင့်အား(၂၀.၈.၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင်တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR