လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊
သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၂၂)ရက်နေ့ (၁၃း၀၀) နာရီ အချိန်ခန့်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊
ကုလားစုကျေးရွာတွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့်
ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်နှင့်
လူဦးရေ စုစုပေါင်း (၇)ဦးတို့အတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ
(၂၁၄,၇၀၀/-) ကျပ်တို့အား (၂၃-၆-၂၀၂၂) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌
သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM