ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၃)ရက်နေ့ (၀၈း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွင်အမိုးသွပ်(၄)ချပ် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်​အ​တွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀,၀၀၀/-)နှင့် လူဦးရေ(၁)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၂,၁၀၀/-)၊ စုစုပေါင်းကျပ်(၁၂,၁၀၀/-)အား (၃-၈-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR