ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၂-၂၀၂၃)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သော နွားထိုးကြီးမြို့နယ်၊ ဇေဒိတ်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁၄)လုံးမှ အိမ်ထောင်စု(၁၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၄)အိမ်ထောင်စာတန်ဖိုးငွေ (၁၉၆,၁၄၄/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၀)အိမ်ထောင်စာတန်ဖိုးငွေ (၄၆၀,၃၆ဝိ/-)၊ စက္ကူပုံး(၁၄)ပုံးတန်ဖိုးငွေ (၄,၅၉၂/-)၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၃၇၂,၀၀ဝ/-)နှင့် မီးဘေးသင့်လူဦးရေ(၇၂)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ(၁၅၁,၂၀ဝ/-)တို့အား (၈-၂-၂၀၂၃) ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မီးဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR