ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ကျေးရွာအုပ်စု (၁၂) စု၊ ကျေးရွာ(၂၅) ရွာတို့၌ (၁၆-၅-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၃၂) လုံး၊ အမိုးလန်နေအိမ် (၁၃၀) လုံး၊ အိမ်ထောင်စု (၁၆၂) စုမှ လူဦးရေ (၆၂၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၅၀၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၁,၃၁၂,၅၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၃၂) ပုံးတို့အား (၁၇--၂၀၂၂) ရက်နေ့နှင့် (--၂၀၂၂)ရက်နေ့များတွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ ဝင်များ၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:       DDM

နောက်ဆုံးရသတင်းများ

ဘားအံမြို့၊ အိန္ဒုဈေး၊ အိန္ဒုကျေးရွာ၊ ခလောက်နို့ကျေးရွာ၊ လှာကဒေါင်ကျေးရွာ၊ နောင်လုံ (အရှေ့၊ ‌အနောက်) ကျေးရွာနှင့် ကော့ကသောင်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘားအံမြို့၊ ထုံးအိုင်ဈေး၊ ထုံးအိုင်စံပြကျေးရွာ၊ ကော့ကျိုက်ကျေးရွာ၊ တရုတ်လှစံပြကျေးရွာ၊ ဝါးဆူးကျေးရွာနှင့် ဝင်းကျန်ကျေးရွာများတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

MOS

DSW

DDM

DOR