ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၂၁) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ အောက်ကျောင်းကျေးရွာအုပ်စု၊ အောက်ကျောင်းကျေးရွာနှင့် ကျိုက်ထော်ကျေးရွာအုပ်စု၊ကျိုက်ထော်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁၀)လုံးအတွက် ထောက်ပံ့ငွေ(၁,၁၀၀,၀၀ဝ)ကျပ်၊ အမိုးလန်နေအိမ်(၁)လုံးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ)ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း(၁၇)မျိုးပါ ပုံး(၁၀)ပုံး၊ လူဦးရေ(၄၂)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၈၈,၂၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၃၈,၂၀ဝ) ကျပ်အား (၁၉-၆-၂၀၂၁) ရက်နေ့ (၁၁:ဝဝ) နာရီအချိန်တွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ​နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR