လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၁) ရက်နေ့တွင် သိန္နီမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် လက်နက်ကြီးစထိမှန်ခဲ့သော ဒဏ်ရာရလူနာ (၃)ဦးအတွက် (၁)ဦးလျှင်ထောက်ပံ့ငွေ (၅၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေ (၁၅၀၀၀၀/-) ကျပ်အား (၇-၁၂-၂၀၂၁) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM