လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်၊
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်
(၈-၅-၂၀၂၄) ရက်နေ့မှ (၁၄-၅-၂၀၂၄) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း လတ်တလောသောက်သုံးရေ
လိုအပ်လျက်ရှိသော ရေတွင်းကုန်း၊ လှိုင်းဘုန်း၊ အလယ်ကျော်ရေကျော်၊ ကဇောင်း၊ ကြက်ရှာကျေးရွာအုပ်စု
(၅) အုပ်စု၊ စုစုပေါင်းကျေးရွာ (၃၆) ရွာမှ အိမ်ခြေ (၃,၉၀၃) လုံး၊ လူဦးရေ (၁၄,၅၀၅) ဦးတို့အတွက်
(၁)အိမ်လျှင် သောက်သုံးရေ (၅)ဂါလံနှုန်းဖြင့် စုစုပေါင်းရေဂါလံ (၁၉,၅၁၅) ဂါလံအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM