လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နယ်မြေ(၃)၌ (၂၀-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ စုစုပေါင်းလူဦးရေ(၈)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၅၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၈၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၁၈၀ဝ/-) ကျပ်တို့အား (၂၆-၄-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါသည်။
Source: DDM