ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ဒိုးကုန်းကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ လေဘေးသင့် နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
၀၅ အောက်တိုဘာ ၂၀၂၂
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု
ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊
ဒိုးကုန်း ကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာ၌ (၂-၁၀-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော
လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့ရသည့် နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ
(၃၀,၀၀၀/-)၊ စုစုပေါင်း လူဦးရေ (၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀၀/-)၊
စုစုပေါင်းထောက်ပံ့ငွေ (၃၈,၄၀၀/-) ကျပ်တို့အား (၄-၁၀-၂၀၂၂)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင်
တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။
Source: DDM