ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၁-၂၀၂၂) ရက်နေ့တွင်  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာများရရှိစေရေးအတွက် ငလျင်ဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့်စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီကြိုတင်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရန်၊ ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးများဆောင်ရွက်ရန် စသည့် ဆောင်ရန်/ ရှောင်ရန်အချက်များပါဝင်သည့် ဗီနိုင်းပိုစတာများကို ရန်ကုန်တိုင်းဒေသကြီး (အရှေ့ပိုင်းခရိုင်)၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားရေးရာလူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်အတွင်းရှိ(၄)ထပ်စာသင်ဆောင်၊ အင်ဂျင်နီယာစာသင်ဆောင်ရှေ့နှင့် ကောလိပ်အတွင်းလမ်းဆုံတို့၌ စိုက်ထူခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း
အင်္ဂပူမြို့နယ်၊ ခြောက်ကျေးရွာအုပ်စု၊ မှတ်တိုင်ကျေးအုပ်စု၊ ကံဘက်ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် အိုးကွဲကျေးရွာအုပ်စု တို့တွင်ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR