ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄)   ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မဟာဓမ္မိကာရုံ ပရဟိတဂေဟာ၌ ဂေဟာမှူးနှင့်တကွ  အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  ဂေဟာမှ ကျောင်းသား/သူ(၁၅၀)ဦးတို့အား  ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့်  ပလတ်စတစ်ညစ်ညမ်းမှုတို့နှင့်စပ်လျဉ်းသည့်ဆောင်ရန်/ရောင်ရန်များအား ဆွေးနွေးဟောပြောခဲ့ပြီး    နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR