လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာ အုပ်စု၊ ရွာသာကုန်းကျေးရွာတွင် (၂၈-၈-၂၀၂၁)ရက်နေ့တွင် ဧရာဝတီမြစ်ရေတက်၍ ကျေးရွာတွင် ရေဝင်ရောက်သဖြင့်ပင်းစက္ကလံပဘုရား ကယ်ဆယ်ရေးစခန်းသို့ပြောင်ရွေ့နေထိုင်သော အိမ်ခြေ(၄၁) လုံးမှ လူဦးရေ (၁၈၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၈၄,၃၀၀/-)ကျပ်အား (၂၉-၈-၂၀၂၁) ရက် နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေမှူး တို့နှင့် အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM