ဖြူးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
၂၂ မေ ၂၀၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ ကျားသောင်းကျေးရွာအုပ်စု၊ လယ်ပြင်ကြီးကျေးရွာအုပ်စုနှင့်
ဇီးခုန်ကျေးရွာအုပ်စုတို့ ၌(၈-၅-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်
တစ်စိတ် တစ်ပိုင်းပျက်စီး နေအိမ် (၄၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁,၉၀၀,၀၀၀/-)
ကျပ်၊ ဘေးသင့်လူဦးရေ (၂၄၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၁၄,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ
(၂,၄၁၄,၅၀၀/-) ကျပ်တို့အား (၂၁-၅-၂၀၂၁) ရက်နေ့ (၁၆:၀၀) နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM