Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း
၂၄ ဇူလိုင် ၂၀၂၁
လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးနှင့် ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် စဉ့်ကူးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့်
ကျောက်ဆည်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၂၂-၇-၂၀၂၁) ရက်နေ့နှင့် (၂၃-၇-၂၀၂၁) နေ့များတွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း
အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: DDM