လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊
အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ပိုးစာကုန်းကျေးရွာနှင့် လေးလံကျေးရွာတို့တွင် (၂၃-၉-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့်နေအိမ်(၆)လုံးအတွက်
အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်နှင့်အိမ်ထောင်စု(၆)စုရှိ
စုစုပေါင်းလူဦးရေ(၂၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄၆၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၁၆၂၀၀/-)
ကျပ်တိတိအား (၆-၁၀-၂၀၂၁) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် အင်းတ္တော်လုပ်ကျေးရွာ၊
ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးဖြစ်ပွားသူ၏လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း
သတင်းရရှိပါသည်။
Source: DDM