လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ မြင်းကဒေါင်ကျေးရွာ၌ (၂၃-၁၁-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုမှ လူဦးရေ(၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၅၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး ရန်ပုံငွေ (၃၅,၇၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၅၃၅,၇၀ဝ/-)နှင့် ကာဘော်လိပ်ဆပ်ပြာ (၅)တောင့်တို့အား (၂၄-၁၁-၂၀၂၂)ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: DDM