ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၃)ရက်နေ့ (၀၅း၀၀)အချိန်တွင် ပေါင်မြို့နယ်၊ ညောင်ကုန်းလေးကျေးရွာတွင် မိုး သည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး အမိုးသွပ်ပျက်စီးခဲ့သည့်​အ​တွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀/-)ကျပ်နှင့် လူဦးရေ(၅)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၆၀၅၀၀/-)ကျပ် အား (၈-၈-၂၀၂၃)ရက်နေ့ (၁၅း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:  DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာ၊ မင်းကုန်း ကျေးရွာအုပ်စု၊ ဆည်ကန်အနောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR