ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သုံးခွမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၈-၂၀၂၆) ရက်နေ့ (၁၇:၀၀)နာရီအချိန်၌ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သခွတ်ကုန်းကျေးရွာအုပ်စု၊ ပေါက်တောရိုးကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့် ဒဏ်ရာရလူဦးရေ (၁)ဦး အတွက် ထောက်ပံ့ငွေ (၅၀၀၀ဝိ/-) သေဆုံးလူဦးရေ (၂)ဦး အတွက် ထောက်ပံ့ငွေ (၆၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၀၀၀ဝိ/-) အား (၁-၉-၂၀၂၆)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သုံးခွမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR