ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည်  (၁၁--၂၀၂၆)ရက်​နေ့ နှင့် (၁၂--၂၀၂၆) ရက်နေ့ တွင်   မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်​ရေမြင့်တက်မှု​ကြောင့်​ လေသာကျောင်း ယာယီ​ရေ​ဘေးကယ် ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတို့တွင် ပြောင်း​ရွှေ့​နေရသည့်​ ရေ​ဘေး သင့်ပြည်သူအိမ်​ထောင်စု (၂၁၂) စု၊ လူဦးရေ ကျား(၄၈၅) ဦး၊ မ(၅၂၀) ဦး၊ စုစု​ပေါင်း (၁၀၀၅) ဦးတို့အတွက် ​ဆန်ရိက္ခာဖိုးထောက်ပံ့​ငွေ (၅,၀၂၅,၀၀၀ိ/-) အားလည်းကောင်း၊ အမှတ် (၅) ရပ်ကွက်၊ အောင်နန်း (၄) လမ်း တွင် ရေဝင်ရောက်မှုကြောင့်  ဓာတ်လိုက်သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) အား လည်းကောင်း (၁၂--၂၀၂၆) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်နှင့် (၁၆:၃၀)နာရီအချိန်တို့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွား​ရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR