ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
၀၃ စက်တင်ဘာ ၂၀၂၁
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊
သနပ္ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် (၃၁-၈-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော
ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၇)လုံး၊
အိမ်ထောင်စု (၇)စုမှ လူဦးရေ (၁၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀ိ/-)နှင့်
ဆန်ရိက္ခာဖိုး (၃၅,၇၀၀ိ/-)၊ စုစုပေါင်း (၇၃၅,၇၀၀ိ/) ၎င်းကျေးရွာတွင် (၂-၉-၂၀၂၁)ရက်နေ့၌
ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၀)လုံး၊
အိမ်ထောင်စု (၁၀)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၀၀၀,၀၀၀ိ/-)နှင့်
ဆန်ရိက္ခာဖိုး(၉၀,၃၀၀ိ/-)၊ စုစုပေါင်း(၁,၀၉၀,၃၀၀ိ/-)၊ ထောက်ပံ့မှုရန်ပုံငွေစုစုပေါင်း (၁,၈၂၆,၀၀၀ိ/-)အား (၃-၉-၂၀၂၁)ရက်နေ့
(၁၂း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊
အဖွဲ့ဝင်များနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ သွားရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM