(၂၃-၉-၂၀၂၁)ရက်နေ့ (၀၉:၁၀)ချိန်တွင်
လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရပ်ကွက်(၉)၊ နယ်မြေ(၁)နေ ဦးကျော်ဝင်း(၆၅)နှစ်(ဘ)ဦးထား၏နေအိမ်
အထက်ဘက် ကုန်းမြင့်ကမ်းပါးယံမှ မြေသားများပြိုကျမှုကြောင့် ၎င်းနေအိမ်တစ်ဝက်ပေါ် မြေသားများ
ဖုံးလွှမ်းပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၂,၀၀ဝ,၀၀၀/-)ခန့် ဖြစ်ကြောင်းနှင့်
၎င်းမြေပြိုဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ်(၉၀,၀၀၀/-)၊ ဘေးသင့် လူဦးရေ(၁၂)ဦးအတွက်
ဆန်ရိက္ခာ(၇)ရက်စာ ထောက်ပံ့ငွေ ကျပ်(၂၅,၂၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၁၅,၂၀၀/-)အား
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံး၊ တာဝန်ရှိသူများက
(၂၄-၉-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။