ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၁-၇-၂၀၂၃)ရက်နေ့ (၁၆း၀၀)အချိန်တွင်ပေါင်မြို့နယ်၊ ရင်းငြိမ်မြောက်ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အမိုးပြိုကျခဲ့သဖြင့် အမိုးသွပ်(၁၆)ချပ်နှင့် သွပ်တန်း(၃)ချောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်​အ​တွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀၀၀၀ိ/-)နှင့် လူဦးရေ(၄)ဦးအတွက်(၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၈၄၀၀ိ/-)၊ စုစုပေါင်းကျပ်(၅၈၄၀၀ိ/-)အား(၂-၈-၂၀၂၃)ရက်နေ့ (၁၂း၀၀)အချိန်တွင်ဘေးသင့်ပြည်သူများလက်ဝယ်ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR