ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကဒါရပ်ကွက်နှင့် ရင်းငြိမ်​မြောက် ကျေးရွာတို့၌ (၂၄-၅-၂၀၂၂)ရက်နေ့၊ (၁၁း၃၀)နာရီအချိန်ခန့်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/)၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၈၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၁၀,၀၀၀/)၊ လူဦးရေ (၃၇၂) ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ (၇၈၁,၂၀၀/)၊ အမိုးလန်ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း (၃) ​​ကျောင်း​​​အတွက် ကျောင်းဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(​​၃၀၀,၀၀၀/-)နှင့် ဒဏ်ရာရလူနာ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) စုစုပေါင်း ထောက်ပံ့ငွေ (၄,၂၉၁,၂၀၀/-)တို့အားလည်းကောင်း ပြိုကျပျက်စီးလူနေအိမ် (၅)လုံးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး (၅)အိမ်ထောင်စာတို့အားလည်းကောင်း (၂၅-၅-၂၀၂၁)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ဝန်​ကြီးချုပ်၊ ပေါင်​မြို့​နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာဘုန်းကြီး ကျောင်း၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ဝိသာခါစာသင်တိုက်၊ ရတနာဒိပ္ပစာသင်တိုက်နှင့် ဝေပုလ္လစာသင်တိုက်တို့၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဇေယျာသီရိမြို့နယ်၊ရွာသစ်ကြီးပရိယတ္တိစာသင်တိုက်၊ ဆန္ဒဆာရာဓမ္မစင်တာ(အထက်တန်း)ကျောင်းနှင့် ဆန္ဒဆာရာဓမ္မစင်တာ(အလယ်တန်း)ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
ပျဉ်းမနားမြို့နယ်၊ အေးချမ်းမွန် မူကြိုကျောင်းနှင့် ကိုးခမ်းကြီး ဓမ္မစကူးလ်ကျောင်းတို့၌ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ညောင်တုန်းအိုင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာအုပ်စု၊ ဗျိုင်းအင်းကျေးရွာ၊ ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ခရမ်းစပ်ကုန်းကျေးရွာနှင့် ရေအေးကျေးရွာအုပ်စု၊ ရေအေးကျေးရွာတို့၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR