ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၅) ရက်နေ့တွင် ဘားအံမြို့နယ်ရှိ ကော့ဂွန်းရွာသစ်ကျေးရွာ၊ မကျီးကျွန်းကျေးရွာ၊ ဌာနီကုန်းကျေးရွာ၊ ရေကျော်လေး ကျေးရွာနှင့် ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)တို့၌ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးတို့နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ လိုက်လံနှိုးဆော် ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား မီးဘေးနှင့် လေပြင်းဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။  

Source: DDM 

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR