ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြိုနယ်၊(ဘုရားချောင်း၊ အိုးဘို၊ သုံးခွ၊ ကျုံလမ်း၊ ကျုံတိုင်းကြီး၊ မိုးကုတ်) ကျေးရွာအုပ်စုတို့ရှိ အိမ်ခြေ (၃၀၀) လုံးအား လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးအတွက် စာရင်းကောက်ယူခြင်း၊ ဝါး၊ ဓနိ စသည့် အိမ်ဆောက်ပစ္စည်းများ သယ်ပို့ ဖြန့်ဝေခြင်းနှင့် ပြုပြင်မွန်းမံခြင်းလုပ်ငန်းများအား (၈/၉/၁၀/-၃-၂၀၂၃)ရက်နေ့များတွင် ပန်းတနော် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး        စာရေးများ၊ ကြက်ခြေနီနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းလူငယ်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR