ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၂-၂၀၂၃)ရက်နေ့တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ထိခိုက်သွားသည့် ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား သွားရောက်ထောက်ပံ့ခဲ့ရာ မင်္ဂလာရပ်ကွက်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ လိမ္မော်ခြံကျေးရွာ အုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ လောက်လေးချောင်းကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ကမ်းမြှောင်ကျေးရွာ အုပ်စုမှ လုံးဝပျက်စီးအိမ်ခြေ(၂၅)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၂၄)လုံး၊ စုစုပေါင်းအိမ်ခြေ (၁၄၉) စုမှ လူဦးရေ (၅၄၁)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁,၁၃၆,၁၀ဝ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေစုစုပေါင်း (၈,၇၀၀,၀၀ဝ/-)ကျပ်တို့ဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၉,၈၃၆,၁၀ဝ/-)ကျပ်အား (၂၂-၂-၂၀၂၃)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း

MOS

DSW

DDM

DOR