ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊‌ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂-၅-၂၀၂၂  ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ထိပ်ဝကြီးကျေးရွာနှင့် မြမ္မာပြာသာကျေးရွာအုပ်စု၊ မြမ္မာပြာသာကျေးရွာတို့၌ ဖြစ်ပွားခဲ့သောလေဘေး ကြောင့်  ပြိုကျနေအိမ် (၅၀)လုံး၊ အမိုးလန်နေအိမ် (၈၇)လုံး၊ စုစုပေါင်းနေအိမ် (၁၃၇)လုံးတို့မှ အိမ်ထောင်စု (၁၃၇)စု၊ လူဦးရေ (၅၈၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၅၀)၊ ဆန်ရိက္ခာ ၇ ရက်စာဖိုးငွေ(၁,၂၂၆,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၇,၆၁၀,၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၈,၈၃၆,၄ဝိ/-)အား (၆-၅-၂၀၂၂)ရက်နေ့ (၁၀:၃၀)အချိန်တွင် ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်‌အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန် (မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR