ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

(၁၃-၉-၂၀၂၄)ရက်နေ့ (၁၈:၀၀) နာရီအချက်အလက်အရ ရေဘေးဖြစ်ပွားမှုအခြေအနေ အစီရင်ခံစာအမှတ်စဉ်(၁)ဖြစ်ပါသည်။

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်ခဲ့သော Category 4 အဆင့်ရှိ တိုင်ဖွန်း (ရာဂီ)သည် (၇-၉-၂၀၂၄)ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ရာ ၎င်း တိုင်ဖွန်းမုန်တိုင်း၏ အရှိန်ကြောင့် (၁၀-၉-၂၀၂၄) ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော်တို့တွင် ရေကြီးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။

တိုင်ဖွန်း (ရာဂီ)၏ အရှိန်နှင့် မြန်မာနိုင်ငံတွင် အနောက်တောင်မုတ်သုံလေ အားကောင်းနေခဲ့ခြင်းကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်ပါ ရေကြီးခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ သရက်တောကျေးရွာအုပ်စု၊‌‌ ပိုးစာ တောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်ဆောင်ရွက်မှု နှင့် အသိပညာပေး‌ဟောပြောမှုသတင်း
မြောင်းမြမြို့နယ်၊ မြစိမ်းတောင်ကျေးရွာ၊ ကရင်ကျောင်းကျေးရွာ၊ ကုန်းသာကျေးရွာ၊ မြို့ဟောင်းကျေးရွာ၊ဆင်ကူးကျေးရွာတို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု(၁)နှစ်ပြည့်အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာ၊ မြဟေမာန်ကျေးရွာ၊ မြစန္ဒာကျေးရွာ၊ ဘုန်းကြီးကုန်းကျေးရွာ၊ ဇီးဖြူချောင်ကျေးရွာတို့၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှု (၁) နှစ်ပြည့် မြေငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR