လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ
တာဝန်ရှိသူများသည်(၂၃-၉-၂၀၂၁) ရက်နေ့၊(၁၃:၀၀)အချိန်မှ(၁၅:၀၀)အချိန်ထိ သထုံမြို့နယ်၊
နောင်ကုလားကျေးရွာအုပ်စု၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက်
သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့အား
အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆောင်ရွက်ခဲ့ပါသည်။