ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၂)ရက်နေ့ မြိတ်မြို့နယ်၊ မြိတ်တောင်ရပ်ကွက်၊ ဘုရား ကိုင်ရပ်၊ ရွှေတောင်ကြားလမ်း၊ ဓမ္မရိပ်သာကျောင်းအနောက်ဖက်ရှိ တောင်မြေပေ(၃၀)ခန့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပြိုမှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး (၁၀,၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-)ကျပ်နှင့် မြေပြိုဘေးသင့်အိမ်ထောင်စု(၁)စုအတွက် (၄၆,၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး(၁)ပုံးတို့အား (၁၀-၈-၂၀၂၂)ရက်နေ့(၀၉:၄၅)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်နှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR