လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၂-၂၀၂၅)ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ဘုရားကြီးကုန်းကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။
Source: DDM